ပိုင်လူမျိုး
ပိုင်ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီး | |
လူဦးရေ စုစုပေါင်း | |
---|---|
၁,၈၅၈,၀၆၃[၁] | |
အများစု နေထိုင်သည့် နေရာ | |
တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင်အများဆုံးနေထိုင်ကြသည်။ (တာလီ ဧရိယာ)၊ ကွေ့ကျိုးပြည်နယ် (ပိကျယ်ဧရိယာ) နှင့် ဟူနန်ပြည်နယ် (သင်းကြီဧရိယာ) | |
ဘာသာစကား | |
ပိုင်, မန်ဒရင်း | |
ကိုးကွယ်မှု | |
ဗုဒ္ဓဘာသာ၊ Benzhuism၊ တာအိုဘာသာ နှင့် ခရစ်ယာန်ဘာသာ | |
ဆက်စပ် တိုင်းရင်းသား အုပ်စုများ | |
ဟန်တရုတ် • ဟွေ Other တရုတ်တိဘက်နွယ်လူမျိုး |
ပိုင် သို့မဟုတ် ပါအိပ် ( ပိုင် : Baipho, /pɛ̰˦˨xo̰˦/ (白和); အသံထွက်[pɛ̀tsī] )သည် အရှေ့အာရှလူမျိုးစုတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံရှိ ဌာနေတိုင်းရင်းသားဖြစ်သည်။ ၎င်းတို့သည် တရုတ်နိုင်ငံမှတရားဝင်အသိအမှတ်ပြုထားသော လူမျိုးစု ၅၆ ခုအနက် တစ်ခုဖြစ်သည်။ ၂၀၁၀ခုနှစ်လူဦးရေစာရင်းအရ ပိုင်လူမျိုးဦးရေ ၁.၉၃၃.၅၁၀ဦးရှိသည်။ [၂]
အမည်များ
[ပြင်ဆင်ရန်]ပိုင်လူမျိုးများသည် အဖြူရောင်ကို အလေးအမြတ်ထားသဖြင့် မိမိတို့ကိုယ်ကို "Baipzix" ( pɛ˦˨ tsi˧, Baizi, 白子), "Bai'ho" ( pɛ˦˨ xo˦, Baihuo, 白伙), "Bai yinl" ( pɛ˦˨ ji˨˩, Baini, 白尼) သို့မဟုတ် "Miep jiax" ဟု ခေါ်ဆိုကြသည်။ ပိုင်လူမျိုးသည် တရုတ်ဘာသာတွင် 'လူဖြူ'ဟု အဓိပ္ပာယ်ရသည်။ ၁၉၅၆ ခုနှစ်တွင် တရုတ်အာဏာပိုင်များက သူတို့ကိုပိုင်လူမျိုးဟု သတ်မှတ်လိုက်ပါသည်။
တည်နေရာ
[ပြင်ဆင်ရန်]ပိုင်လူမျိုးများသည် အများအားဖြင့် ယူနန် ( တာလီဒေသ)နှင့်အိမ်နီးချင်း ကွေ့ကျိုး ( ပိကျယ် ဒေသ)၊ ဟူနန်( သင်ကြီးဒေသ) တို့တွင်နေထိုင်ကြသည်။ လူဦးရေ (၂) သန်းအနက် ၈၀ ရာနှုန်းသည်ယူနန်ပြည်နယ် ရှိ တာလီပိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု တွင်နေထိုင်ကြသည်။
ဘာသာစကား
[ပြင်ဆင်ရန်]၂၀၀၃ခုနှစ်ခန့်မှန်းခြေ ကောက်ယူထားသောစာရင်းအရ ပိုင်ဘာသာစကားကို ပိုင်လူမျိုး (၁,၂၄၀,၀၀၀)ခန့်အပြင် ၎င်းနှင့်ဆက်နွယ်သည့် လူမျိုးစုအနွယ် အားလုံးတွင်ပြောဆိုကြသည်။ အချိန်ကြာမြင့်စွာ တရုတ်ဘာစကားလွှမ်းမိုးမှုကြောင့် ပိုင်ဘာသာစကား၏ မူလရင်းမြစ်ကို ရှာဖွေရန်ခက်ခဲနေပါသည်။ဤကိစ္စသည် ပညာရှင်များအကြား အငြင်းပွားစရာတစ်ခုဖြစ်သည်။ ထိုဘာသာကို ရှေးတရုတ်စာနှင့် ညီအစ်မစာ သို့မဟုတ် သီးခြားအုပ်စုတစ်ခု (များသောအားဖြင့် တရုတ် - တိဘက် မိသားစုတွင်ပါဝင်သည် )ဟု အဆိုပြုထားသည်။[၃]
ပိုင်တို့သည် သူတို့ကိုယ်သူတို့ ပိုင်ဇိ၊ ပိုင်နိ သို့မဟုတ် ပိုင်ဟွော်ဟု ခေါ်ဆိုကြလေ့ရှိသည်။ ၎င်းတို့တွင် ဟန်စကားလုံး မင်ကျာ(တာလီမှ ပိုင်တို့ကို ခေါ်ဝေါ်သောအမည်) အပါအဝင် အခြားနာမည် ၆၀လုံး ရှိပါသေးသည်။ တန်နှင့် ဆောင်မင်းဆက်လကါထက်၌ ပိုင်ကို တရုတ်အရေးအသားဖြင့်ရေးသားခဲ့ခြင်းနည်းတူ ဂျပန်စာ၌လည်း တရုတ်စာလုံးများကို Man'yōgana (万叶假名) ဂျပန်ရေးသားဖို့ရန် အသုံးပြုခဲ့ကြသည်။ လက်တင်အခြေပြုအရေးအသားစနစ်ကို ၁၉၅၇ ခုနှစ်တွင်တီထွင်ခဲ့သည်။
ထ��်ရှားသောပိုင်လူမျိုးများ
[ပြင်ဆင်ရန်]- သွန်စိဖိင် (段思平) - တာလီနိုင်ငံကို တည်ထောင်ခဲ့သည်။
- ချန်းညိချိင် (谌贻琴 ) - ကွန်မြူနစ်ပါတီဒုတိယအတွင်းရေးမှူး၊ ကွေ့ကျိုး ပြည်နယ်အုပ်ချုပ်ရေးမှူး
- ဝင်ရှိကျီ (王希季) - လေကြောင်းအင်ဂျင်နီယာ၊ Long March 1 ဒုံးပျံကိုဒီဇိုင်းဆွဲသူ
- Xu Lin (徐琳) - ဘာသာဗေဒ၊ ခေတ်သုံးဘာသာစကားကိုခေတ်သစ်သဒ္ဒါကိုတည်ထောင်သူ နှစ်ဦးအနက်တစ်ဦး ဖြစ်သည်။
- ယင်ချာဝ်ယွေ(杨超越) - အဆိုတော်
- ယင်လိဖိင် (杨丽萍) - အကသမား
- ယင်ရုင်(楊蓉) - မင်းသမီး
- ယင် ယွန်တာဝ် (楊雲濤) - ကချေသည်
- ကျင်လေကျိန်ကျု (张乐进求) -ပိုင်၏ ဒဏ္ဍာရီဘိုးဘေး
- ကျင်လိကျူ (张丽珠) - မီးယပ်အထူးကု
- ကျင်ကျယ်ဘာဝ် (张结宝) - ယူနန်ပြည်နယ်အနောက်မြောက်ပိုင်းတွင် 1920 ကျော်တွင် တက်ကြွစွာပါဝင်ခဲ့သည်။
- ကျာဝ်ဖှန် (趙藩) - ပညာရှင်၊ စာလုံးအလှရေးသူနှင့်ကဗျာဆရာ
- ကျာဝ်ရှီမိင် (赵式铭) - ပိုင်ဘာသာစကားကို စနစ်တကျလေ့လာခဲ့သည့် ပထမဦးဆုံးပညာရှင်။
- ကျာဝ်ယန်ဆွန် (赵衍荪) - ဘာသာဗေဒပညာရှင်၊ ခေတ်သစ်ပိုင်ဘာသာစကား၏ သဒ္ဒါကိုတည်ထောင်သူနှစ်ဦး အနက်မှတစ်ဦး ဖြစ်သည်။
- ကျိုးပါဝ်ကျုင်(周保中) - တရုတ်အရှေ့မြောက်ပိုင်းတွင်ဂျပန်တို့ကျူးကျော်မှုကိုဆန့်ကျင်တိုက်ခိုက်ခဲ့သည့်စစ်ဗိုလ်ချုပ်ကြီး။
ကိုးကား
[ပြင်ဆင်ရန်]- ↑ The Bai Ethnic Group။ 18 March 2015 တွင် ပြန်စစ်ပြီး။
- ↑ Tabulation on the 2010 Population Census of the People's Republic of China။
- ↑ "On the genetic position of the Bai language" .